YYMS Appeal 2011 -- mm

အစိုးရ စာသင်ကျောင်း မဖွင့်လှစ်ရသေးသော စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ရင်းရဲကျေးရွာ၌ မူလတန်းအဆင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းကို ၁၉၉၂ ခုနှစ်တွင် စတင် တည်ထောင်ဖွင့်လှစ်ခဲ့ပါသည်။ မူလတန်း အဆင့်နှင့်သာ ပညာရေးခရီး အဆုံးသတ်ကြရသော ရွာသူရွာသားငယ်တို့ ပညာရေးခရီး ဆက်နိုင်ကြစေရန် ၂၀၁၁-၁၂ ပညာသင်နှစ်မှစ၍ အဆိုပါကျောင်းကို မူလတန်းအဆင့်မှ မူလွန်အဆင့်သို့ တိုးချဲ့ ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါသည်။ စေတနာရှင် အလှူရှင်များ ကျောင်း၏ ပညာရေးစရိတ် ထည့်ဝင် လှူဒါန်းနိုင်ကြရန် နှိုးဆော်လိုက်ပါသည်။
ဆရာလစာအတွက် အဓိက အသုံးပြုရသော ပညာရေးရံပုံငွေ နည်းများမဆို ထည့်ဝင် လှူဒါန်းနိုင်ကြ ပါသည်။

မူလတန်း (စတုတ္တတန်းအထိ) အဆင့်၌ ဆရာ လေးယောက် ခန့်ထားခဲ့ပြီး မူလွန်အဆင့် (သတ္တမတန်းအထိ) တိုးမြှင့်လိုက် သောအခါ ဆရာ ခြောက်ယောက် ခန့်ထားရမည် ဖြစ်ပါသည်။ ဆရာ တစ်ယောက်အတွက် တစ်လလျှင် ၃၀၀၀၀-ကျပ် နှုန်းဖြင့် တစ်နှစ်(၁၀-လ)စာ ၃၀၀၀၀၀-ကျပ် ဆရာ ခြောက်ယောက်အတွက် တစ်နှစ်(၁၀-လ)စာ ၁၈၀၀၀၀၀-ကျပ် ကုန်ကျရန် ရှိပါသည်။ ဆရာလစာအတွက် မဖြစ်မနေ ကောက်ခံရသော ကလေးငယ်များ၏ ကျောင်းဝင်ကြေး လျှော့ပေါ့ သက်သာဖို့ နည်းများမဆို ထည့်ဝင် လှူဒါန်းကြရန် နှိုးဆော်ပါသည်။

သိန်း၂၀၀-ကျပ်ခန့် ကုန်ကျမည့် ကျောင်းဆောင်သစ် ဆောက်လုပ်ရေးအတွက် နည်းများမဆို လှူဒါန်း နိုင်ကြပါသည်။

ကျောင်းစာကြည့်တိုက်အတွက် ရံပုံငွေ နှင့် စာအုပ်များ (ဟောင်း/သစ်) လှူဒါန်းနိုင်ကြပါသည်။

YYMS Appeal 2011 -- mm