၂၀၀၆ စာစီစာကုံး (စတုတ္ထတန်း)

ဆရာ့ကျေးဇူး
မမိုးဌေး
စတုတ္ထတန်း၊ Yin Ye Monastic School

ဆရာများသည် အနန္တောအနန္တ ငါးပါးတွင် တစ်ပါးအပါအ၀င် ဖြစ်ပါသည်။ ဆရာများ၏ ကျေးဇူးသည် ရှစ်သောင်းလေးထောင် အမြင့်ဆောင်သည့် မြင့်မိုရ်တောင်ထက်ပင် ကြီးမြတ်လှပါသည်။ ဆရာများသည် တပည့်များကို လမ်းကြောင်းပေးပါသည်။ ဆရာမရှိဘဲ တတ်သည့်တပည့် လူ့ပြည်မှာ မရှိပါ။ ဆရာများသည် တပည့်များကို လိမ္မာအောင် သွန်သင် ပေးပါသည်။ ပညာအမျိုးမျိုး သင်ပေးပါသည်။ စာကို လိုချင်စိတ်ရှိအောင် သင်ကြားပေးပါသည်။ ဘာသာရေးသိအောင် ဘုရားရှိခိုးများ သင်ပေးပါသည်။ မင်္ဂလာကဗျာများလည်း သင်ပေးပါသည်။ ဆရာသည် တော်သော ကျောင်းသား ကျောင်းသူများကို ထိုက်တန်သောဆုများ ပေးပါသည်။
ဆရာများ၏ ကြီးမားသော ကျေးဇူးကို ကြိုးကြိုးစားစား ဆပ်သင့်ပါသည်။ ဤစာကို ဖတ်ခြင်းဖြင့် ဆရာများ၏ ကျေးဇူးကို သိရှိပြီး ဆပ်ချင်စိတ် ပေါက်လာကြပါလိမ့်မည်။