၂၀၀၇ စာစီစာကုံး (စတုတ္ထတန်း)

လသာသောည
မအေးမြတ်သူ
စတုတ္ထတန်း၊ Yin Ye Monastic School

ကျွန်မတို့သည် လသာသော ညများတွင် ပျော်ပျော်ရွှင်ရွှင် ကစားကြပါသည်။ ပထမဆုံး ထုပ်ဆီးတိုး ကစားကြမည်ဟု တိုင်ပင်ကြပါသည်။ ထို့ပြင် တူ့တူပုန်းတမ်း ကစားမည်ဟုလည်း တိုင်ပင်ထားကြပါသည်။ မမောမပမ်း သင့်သင့်မြတ်မြတ် ကစားကြပါသည်။
တခြားကစားနည်းတွေလည်း ကစားကြပါသည်။ ပိုက်ဆံတမ်းလည်း ကစားကြပါသည်။ ဆံပင်တမ်းလည်း ကစားကြပါသည်။ စက်ချုပ်တမ်းလည်း ကစားကြပါသည်။ ဆရာမတမ်းလည်း ကစားကြပါသည်။ ဘောလုံးကန်တမ်းလည်း ကစားကြပါသည်။ ဈေးဆိုင်ဖွင့်တမ်းလည်း ကစားကြပါသည်။ ထမင်းချက်တမ်းလည်း ကစားကြပါသည်။ တို့ဟူးကျိုတမ်းလည်း ကစားကြပါသည်။ သစ်ပင်တက်တမ်းလည်း ကစားကြပါသည်။ သူငယ်ချင်းတမ်းလည်း ကစားကြပါသည်။ ဓာပုံရိုက်တမ်းလည်း ကစားကြပါသည်။ ဗွီဒီယိုရိုက်တမ်းလည်း ကစားကြပါသည်။
သူငယ်ချင်းများ ပျော်ပျော်ရွှင်ရွှင် စုဝေးကြသောကြောင့် လသာသောညကလေးကို အမြဲသတိရခြင်း ဖြစ်ပါသည်။ ကျွန်မတို့ လသာသော ညလေးကို အမြဲလွမ်းနေရခြင်း ဖြစ်ပါသည်။ လသာသော ညလေးကို ရောက်ချင်ပါသည်။