Yin Ye Village


It is called "Yin Ye Village". And it is situated in Dapeyin Township, Sagaing Division, Upper Myanmar, South-east Asia. It is about two miles east to the Mandalay-MonYwa-Ye U High way, and 119 miles north-west to Mandalay. It has 156 families out of which 116 are farmers and 40 are daily wage earners.
All the villagers are traditionally Buddhists. They have received their basic education under the formal system of the current monastic school or informally from previous monastic schools. All of the villagers are literate with the exception of a few seniors who are now over 80. Only two villagers have earned their B. Sc degrees in Physics and Botany. Six students are currently studying for their B.A. and B.Sc. degrees, while twenty students are attending the nearest high school in Sai Pyin Gyi Village.
Many students have had to discontinue their studies due to their responsibilities to help their parents on their farms.

----------------
ရင်းရဲကျေးရွာ

တည်နေရာ။     ။ ရင်းရဲကျေးရွာသည် စစ်ကိုင်းတိုင်း၊ ဒီပဲရင်းမြို့နယ်အတွင်း တည်ရှိသည်။ မန္တလေး-မုံရွာ-ရေဦး ကာလမ်းမမှ အရှေ့ဘက် နှစ်မိုင်ခန့်၊ မန္တလေးမြို့မှ အနောက်မြောက်ဘက် ၁၉၉-မိုင်ခန့်တွင် တည်ရှိသည်။

လူဦးရေနှင့် စီးပွားရေးအလုပ်အကိုင်။        ။ အိမ်ထောင်စု စာရင်းဝင် မိသားစု ၁၅၆-ခုရှိပြီး တောင်သူလယ်သမား မိသားစု (၁၆၆)ခုနှင့် လက်လုပ်လက်စား မိသားစု (၄၀)တို့ ဖြစ်ကြသည်။ အများစုမှာ တောင်သူလယ်သမားများ ဖြစ်ကြသည့်အလျောက် ကျေးရွာ၏ စီးပွားရေးမှာ မိုးလေ၀သအပေါ် မှီတည်နေပေသည်။

ပညာရေးနှင့် သာသနာရေး။ ။ အသက်(၇၀)ကျော် အဘိုးအဘွား တစ်ချို့မှအပ ရွာသူရွာသားအားလုံး ကျေးရွာဘုန်းတော်ကြီးကျောင်းသို့ တက်ရောက်ခဲ့ကြပြီး အခြေခံပညာ အရေးအဖတ် အတွက်အချက် တတ်မြောက်ကြသည်။ အဝေးသင်ပညာရေးဖြင့် ဘွဲ့ယူရန် ကြိုးစားဆဲ ကျောင်းသား(၅)ယောက်ရှိသည်။ ကျောင်းသား(၁၅)ယောက်မှာ အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းပညာရေးအတွက် အနီးဆုံးနေရာ စိုင်ပြင်ကြီးစံပြကျေးရွာ အထက်တန်းကျောင်းသို့ တက်ရောက်နေဆဲ ဖြစ်သည်။ မိဘများ၏ တောင်သူလုပ်ငန်းခွင်၌ ကူညီရန်အတွက် မူလတန်းကျောင်းသားတစ်ချို့ အပါအ၀င် ကျောင်းသားများစွာတို့ ပညာရေးခရီး အဆုံးသတ်ခဲ့ကြရသည်။ ကျေးရွာ၌ ယခုအချိန်ထိ ဘွဲ့ဒီဂရီ ရရှိသူ မရှိသေးပေ။ ရွာသူရွာသားအားလုံး ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြသည်။ ပညာရေးနှင့် သာသနာရေး ကိစ္စရပ်များကို ကျေးရွာဇာတိဖွား ဆရာတော်များနှင့် ဆက်စပ်ရာ ဆရာတော်များ၏ လမ်းညွှန်သြ၀ါဒများနှင့်အညီ ဆောင်ရွက်ကြသည်။