A Brief History of the School
By tradition, Myanmar monks have participated in the country’s social affairs in addition to their religious duties. Especially monks have been involved with the children's formation and education, particularly in rural districts. From time immemorial all village children were informally educated in the ubiquitous village monasteries. Yin Ye Village monk U Ghosita, following in the footsteps of his mentors, offered traditional monastic schooling for almost 20 years.
Then in 1973 when the Myanmar government instituted primary schooling in the neighbouring village of Tha Beik Le, his respite from this additional duty was short: it lasted only 8 years because the state school could not accommodate the increasing demand from both villages. From 1980 to 1992 Sayadaw U Ghosita again offered informal education to the young villagers.
In 1992, with a view to implement a modern education system, Sayadaw U Ghosita and his pupil Ashin Acara founded the present Yin Ye Monastic School which offers formal education conforming to national educational standards. The school is self-funded and receives no government grants.
Currently 125 students from Yin Ye and neighboring villages are educated at the school. The staff consists of four local teachers and one visiting drawing instructor from Sai Pyin Gyi Village. For the past 15 years the school has provided the villagers with not only curriculum education but also a strong religious foundation and awareness of social development and unity, which are essential supports for national progress.
-------------------------
ကျောင်းဖြစ်ပေါ်လာပုံ
အစဉ်အလာအားဖြင့် မြန်မာဘုန်းတော်ကြီးများသည် နိုင်ငံတော်၏ သာသနာရေး ကိစ္စ၌သာမက လူမှုရေး ကိစ္စများ၌လည်း ပါဝင်ကြရသည်။ အထူးသဖြင့် ပညာရေးကဏ္ဍတွင် ပါဝင်ကြရသည်။ ကျေးလက်ဒေသ ပညာရေးကဏ္ဍများတွင် ပို၍ ပါဝင်ကြရသည်။
၁၉၇၃-ခုနှစ် မတိုင်မီ ကာလများက ရင်းရဲကျေးရွာ တစ်ဝိုက်ရှိ ကျေးလက် ပြည်သူတို့သည် သက်ဆိုင်ရာ ဘုန်းတော်ကြီးကျောင်းများ၌ ရိုးရာ(သင်ရိုးလွတ်) ဘုန်းတော်ကြီးကျောင်း ပညာရေး ကို သင်ယူကြရသည်။ လက်ရှိကျောင်းထိုင်ဆရာတော် ဦးဃောသိတသည် ကျောင်းထိုင်သည်မှ စ၍ ၁၉၇၃-ခုနှစ်အထိ နှစ်ပေါင်း (၂၀)နီးပါး ရွာသူရွာသားများကို အခြေခံပညာများ သင်ကြား ပေးတော်မူခဲ့သည်။ ၁၉၇၃-ခုနှစ်၌ ရင်းရဲရွာ၏ အနီးတစ်ဝိုက်တွင် အစိုးရမူလတန်းကျောင်းများ စတင်ပေါ်ပေါက်ခဲ့သည်။ ရွာနီးချင်းဖြစ်သော သပိတ်လဲကျေးရွာ၌ စနစ်သစ်ပညာရေး အစိုးရ မူလတန်းကျောင်း စတင်ဖွင့်လှစ်သောအခါ ရင်းရဲကျေးရွာမှ ကျောင်းသားများလည်း အဆိုပါ ကျောင်းသို့ တက်ရောက်ပညာသင်ယူခွင့် ရကြသောကြောင့် ဆရာတော်သည် ကျေးရွာ၏ ပညာရေးကဏ္ဍမှ အနားယူခွင့် ရခဲ့သည်။
သို့သော် (၈)နှစ်ကြာသောအခါ စနစ်သစ်ပညာရေးကို စိတ်ဝင်စားလာကြသည်နှင့် အမျှ နှစ်ဘက်ကျေးရွာမှ ကျောင်းသားဦးရေလည်း သိသိသာသာ တိုးပွာလာပြီး နှစ်ရွာတစ်ကျောင်း ပညာသင်ကြား-သင်ယူရေး၌ နေရာကြပ်တည်းမှု ရှိလာခဲ့သည်။ ထို့ကြောင့် ဆရာတော်သည် ၁၉၈၀-ခုနှစ်မှ ၁၉၉၂-ခုနှစ်အထိ ရိုးရာဘုန်းတော်ကြီးကျောင်း ပညာရေးကို ပြန်လည် အသက် သွင်းခဲ့ရပြန်သည်။ ယခုအချိန် (၂၀၁၀-၂၀၁၀ပညာသင်နှစ်) မှစ၍ ခုနစ်တန်းထိ ပညာသင်ပေးနိုင်သော မူလွန်ကျောင်း ဖြစ်လာပါသည်။
၁၉၉၂-ခုနှစ်၌ ဆရာတော်သည် ကျောင်းသူကျောင်းသားများ အလယ်တန်းနှင့် အထက်တန်းပညာများ ဆက်လက်သင်ယူနိုင်ရန် ရည်ရွယ်၍ တပည့်ဖြစ်သူ အရှင်အာစာရနှင့် တိုင်ပင်ကာ လက်ရှိသင်ရိုးမဲ့ ပညာရေးကို အစိုးရကျောင်းများ၌ ပြဌာန်းသင်ကြားပေးသည့် စနစ်သစ် ပညာရေးသင်းရိုးနှင့် လျော်ညီအောင် ပြုပြင်ပြောင်းလဲခဲ့သည်။