Yin Ye Monastic School
 
Education is the basis for development in every family and society. With this in mind, in 1992 we established a monastic school in our village (Yin Ye Village, in Depayin Township, Sagaing Division, MYANMAR) for there was no (has not yet been any) government school in the village. Until 2007 it had been affiliated to a government school of a neighboring village.  In 2007 it was registered as a monastic school. Then primary education was offered. In 2010 it was upgraded so that secondary level education is provided.
Our objectives are:
- To promote the education of the underprivileged children;
- To provide "a free education" for all students without any distinction; and
- To introduce the Teachings of the Buddha to them.
In accordance with the objectives, we provide the students from the village and neighboring villages with the opportunity to learn how to read, write, and calculate exactly as taught in government schools; additionally we introduce the Teachings of the Buddha to the children. At present 125 students of male and female are learning at the school enjoying equal rights. The school is self-funded and receives no government grants. Until now we haven't yet offered a free education to them due to insufficient fund. But parents of the students are to pay only a small amount of money, the so-called “monthly tuition fee,” Myanmar Kyat 500 to 1000 (less than US $1) that is meant to cover: 1) the 25 percent (Myanmar Kyat 15, 000) of 4 teachers’ salaries (Myanmar Kyat 120, 000) and 2) the cost of ongoing school construction that has been completed by about 60 percent and that is estimated to cost Myanmar Kyat 1, 00, 00, 000 in total. Some parents are so poor that they cannot afford to pay any fees for their children. As a result, the poorest children often consider leaving the school, and we have to encourage them to stay. However, we hope that the school, one day, will surely be a free education center for children when a sufficient fund is established.

We believe that the surplus of the rich may effectively and efficiently be put to use for the benefit of the poor and needy. You may have heard the following story: Once a young student removed the door-curtain to his house and gave it to a poor person, telling his mother “The door does not feel the cold but the poor certainly do.” Such a kind heart is highly commendable. If you are willing to help the underprivileged children studying at the school, please contact our representatives in your region, or you may get in touch with the school’s supporting groups. You may also come to the school directly to offer either supports or thoughtful ideas. Donations in any amount or suggestions for the betterment of the school will have a great impact on the children in need, and will surely change their life for the better.

--------------------------------------------

ရင်းရဲဘ-ကပညာရေးကျောင်း

ပညာရေးသည် အသိုက်အ၀န်း အဖွဲ့အစည်း အားလုံး၏ တိုးတက်ရေးအတွက် အခြေခံကောင်း ဖြစ်၏။ ထိုအချက်ကို သိသောကြောင့် အစိုးရမူလတန်းကျောင်း မဖွင့်လှစ်ရသေး သော စစ်ကိုင်းတိုင်း၊ ဒီပဲရင်းမြို့နယ်၊ ရင်းရဲရွာ၌ ဘုန်းတော်ကြီးကျောင်းပညာရေး မူလတန်း ကျောင်းကို ၁၉၉၂-ခုနှစ်တွင် စတင်တည်ထောင် ဖွင့်လှစ်ခဲ့ပါသည်။ စင်စစ်အားဖြင့် ၂၀၀၇ ခုနှစ်အထိ တွဲဘက်မူလတန်းကျောင်းတစ်ခုသာ ဖြစ်ခဲ့ပါသည်။ ၂၀၀၇ ခုနှစ်တွင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းအဖြစ် မှတ်ပုံတင်ခဲ့ပါသည်။ ၂၀၁၀ ခုနှစ်တွင် သတ္တတန်းအထိ ပညာသင်ပေးနိုင်သော မူလွန်အဆင့်သို့ တိုးမြှင့်ခဲ့ပါသည်။

ကျောင်း၏ ရည်ရွယ်ချက်များမှာ
- ကလေးငယ်တို့၏ အခြေခံ ပညာရေးကို မြှင့်တင်ပေးရန် နှင့်
- ၎င်းကလေးငယ်တို့ကို ဗုဒ္ဓတရားတော်နှင့် ထိတွေ့ပေးရန်တို့ ဖြစ်ပါသည်။
ရည်ရွယ်ချက်များနှင့် အညီ ဤမူလတန်းကျောင်း၌ အစိုးရအခြေပညာ မူလတန်းကျောင်း များ၏ သင်ရိုးနှင့် ဗုဒ္ဓဘာသာ သင်္ခန်စားများကို သင်ကြားပေးပါသည်။

ကျောင်းတိုးတက်တည်တံ့ရေးအတွက် အများပြည်သူတို့၏ ထောက်ပံ့မှုကို ခံယူရပါသည်။ ၁၉၉၂ ခုနှစ်ကတည်းက ကျောင်းကို အဓိက ထောက်ပံ့သူများမှာ ရွာသူရွာသားများ (အထူးသဖြင့် ကျောင်းသားမိဘများ) ဖြစ်ပါသည်။ မတည်ရံပုံငွေအဖြစ် ရည်ရွယ်ကောက်ခံသော ကျောင်းသား တစ်ယောက်၏ လစဉ်ကျောင်းဝင်ကြေး (အတန်းအလိုက် ၅၀၀-ကျပ် မှ ၁၀၀၀-ကျပ်အထိ)ကို ကျောင်းသား မိဘများက လှူဒါန်းကြရပါသည်။ နွမ်းပါးသော ကျောင်းသားမိဘများမှာ အနိမ့်ဆုံး လစဉ်ကျောင်းဝင်ကြေးကိုပင် မထည့်ဝင် မလှူဒါန်းနိုင်ကြပေ။ ထို့ကြောင့် နွမ်းပါး၍ စိတ်အား ငယ်တတ်သော ကျောင်းသား တစ်ချို့ ကျောင်းထွက်ထွက် သွားတတ်ကြရာ ကျောင်းသို့ မကြာခဏ ပြန်ခေါ်ရသည်လည်း ရှိပါသည်။ ထိုကျောင်းသားများ၏ ကျောင်းစရိတ်ကို ၀ိုင်းဝန်းကူညီ ဖြေရှင်းပေးကြရပါသည်။

ရွာသူရွာသားများ၏ ကိုယ်ထူကိုယ်ထ ပါဝင်မှုနှင့် ဒေသအသီးသီးမှ အလှူရှင်တို့၏ ပံ့ပိုးမှုတို့ကို ပေါင်းစည်း၍ ကျောင်းသားတိုင်းကို အခမဲ့ ပညာသင်ကြား ပေးနိုင်အောင် စီမံလျက် ရှိပါသည်။ ပြည့်စုံသူတို့၏ တစ်ပိုင်းတစ်စ အပိုအလျှံသည် နွမ်းပါသူတို့ အတွက် အားပေးနှစ်သိမ့်မှု ဖြစ်နိုင်ပေသည်။ ပုံပြင်လေးတစ်ခု ကြားဖူးကြပေလိမ့်မည်။ ‘‘တစ်ခါသော် ကျောင်းသားလူငယ် တစ်ယောက်သည် သူ၏ တံခါးခန်းဆီးစကို ဖြုတ်၍ သူဆင်းရဲ တစ်ယောက်ကို ပေးလိုက်၏။ ‘မေမေရယ် တံခါးပေါက်တွေက အေးတာချမ်းတာကို မခံစားတတ်ပါဘူး။ လူဆင်းရဲတွေကမှ တကယ်ခံစား နေကြရတာပါ’ဟု သူ့အမေကို ပြောနေသည့် လူဆင်းရဲလေးကို ပေးခဲ့ခြင်းဖြစ်သည်။’’ ဤသို့ ကြင်နာတတ်သော လူသားတို့၏ သဘာဝကို ချီးကျူးထိုက် ပေသည်။ 

တတ်နိုင်သည့်နည်းဖြင့် စွမ်းနိုင်သလောက် ကူညီပံ့ပိုး ပေးခြင်းသည် ရွာသူ ရွာသားငယ်တို့၏ အခြေခံပညာရေးအတွက် ဖြူစင်မွန်မြတ်သော အထောက်အပံ့ကောင်း ဖြစ်ပါလိမ့်မည်။

စာစီစာကုံး

(ဆရားကြီး ဦး)အောင်သင်းရဲ့ “ကိုယ်တွေ့စာစီစာကုံး”ဆိုတဲ့ စာအုပ်လေးကို ဖတ်မိပြီး သဘောကျခဲ့ဖူးပါတယ်။ ကလေးတွေကို သူ ဘယ်လို စာစီစာကုံး သင်ပေးခဲ့တယ်ဆိုတာကို အဲဒီစာအုပ်ထဲမှာ ပြန်ပြောပြထားတာပါ။ စာစီစာကုံးရေးနည်း၊ စာစီစာကုံးသင်နည်းပေါ့။ သူ့နည်းကို အသုံးချကြည့်ခဲ့ပါတယ်။ ရွာအလည်ပြန်ရင်း ရွာက ကလေးတွေကို စာစီစာကုံး သင်ပေးခဲ့တာပါ။ ဘာမှ မလုပ်တာနဲ့ စာရင်တော့ အများကြီး အောင်မြင်ခဲ့ပါတယ်။

ကျွန်တော်ကြိုက်သော ငှက်များအကြောင်း
မောင်ထက်မြက်ထွန်း
တတိယတန်း၊ Yin Ye Monastic School

ကျွန်တော်က မောင်ထက်မြက်ထွန်း ဖြစ်ပါတယ်။ ကျွန်တော်က ကိုရင်ပါ။ ရင်းရဲရွာ ဘ-ကကျောင်းမှာ စာသင်နေပါတယ်။ တတိယတန်း ဖြစ်ပါတယ်။ ကျွန်တော်ကြိုက်တဲ့ ငှက်တွေအကြောင်း ပြောပါမယ်။

ငှက်ကောင်တွေက အများကြီးပဲ။ ကျွန်တော်ကြိုက်တဲ့ ငှက်တွေကတော့ ဆက်ရက် စွေ့ သစ်တောက်ငှက် ဥသြ ဇီးကွက်တို့ကို အကြိုက်ဆုံးပါပဲဗျာ။

ဆက်ရက်သည် လယ်သမားတို့ ထယ်ထိုးရာတွင် နောက်ကနေ တကောက်ကောက် လိုက်သွားပြီး လယ်သမားကြီးထယ်ထိုးရာ မြေကြီးထဲမှထွက်သော ပိတ်တာ ပိရစ် ပိုးတုံးလုံးကောင်တို့ကို စားသောက်ပစ်သောကြောင့် ကျွန်တော်သည် ဆက်ရက်ကို ကြိုက်ပါသည်။

စွေ့သည် လယ်သမားတို့ စိုက်ပျိုးထားသော ကောက်ပဲသီးနှံတို့ကို ဖျက်ဆီးတတ်သော ပိုးများကို ကောက်စားပါတယ်။ စွေ့က အဖျက်ပိုးများကို စားသောက်ပစ်လို့ ကျွန်တော်သည် စွေ့ကို ကြိုက်ပါသည်။

သစ်တောက်ငှက်သည် မာကြောသော ခြေသည်းဖြင့် သစ်ခေါက်ကို တွယ်ကပ်လိုက်သည်။ နှုတ်သီးနဲ့ တောက်သည်။ ထိုအခါ သစ်ခေါက်ထဲမှ ထွက်လာသော သစ်ပင်ဖျက်ပိုးများကို သစ်တောက်ငှက်က သုတ်သင်ရှင်းလင်း ပစ်သောကြောင့် ကျွန်တော်သည် သစ်တောက်ငှက်ကို ကြိုက်ပါသည်။

ဥသြသည် မိုးလင်းတာနဲ့ သာယာသော အသံဖြင့် တစ်ရွာလုံး လိုက်အော်ပါသည်။ ကျွန်တော်တို့က ဥသြလို လိုက်အော်ပါသည်။ ပျော်စရာကောင်းလို့ ကျွန်တော် ဥသြကို ကြိုက်ပါသည်။

ဇီးကွက်သည် ညအခါတွင် မျက်လုံးပြူးနဲ့ ၀င်းလက်ဝင်းလက် ရှိပါသည်။ ဇီးကွက်မျက်ပြူးကို ကျွန်တော်ကြိုက်ပါသည်။

ကျွန်တော်ကြိုက်တဲ့ ငှက်တွေ ကျန်သေးတယ်။ ဒါပါပဲဗျာ။

------------------------------

ကျွန်တော့်အကြောင်း
မောင်မိုးမင်းထက်
တတိယတန်း၊ Yin Ye Monastic School

ကျွန်ုပ်၏ အမည်သည် မောင်မိုးမင်းထက် ဖြစ်ပါသည်။ ကျွန်တော်၏ အဖေသည် ဦးကျော်မိုး ဖြစ်သည်။ ကျွန်ုပ်၏ အမေသည် ဒေါ်ခါသီ ဖြစ်သည်။ ကျွန်ုပ်၏ အမေကြီးသည် ဒေါ်ကောင်းရီ ဖြစ်သည်။ ကျွန်ုပ်၏ အဒေါ်သည် ဒေါ်တင်နွဲ့ ဖြစ်သည်။ ကျွန်ုပ်၏ ညီမလေးသည် မိုးသန္တာထက် ဖြစ်သည်။ ကျွန်ုပ်တို့ ရင်းရဲရွာမှာ နေသည်။ ကျွန်ုပ်သည် ရွာရှိ ဘုန်းတော်ကြီးသင် ပညာကျောင်းမှာ နေသည်။ တတိယတန်း ဖြစ်သည်။ ကျွန်ုပ်၏ ဆရာများမှာ ဦးအောင်မင်း ဦးဝင်းမင်းဌေး ဦးညွန့်လွင် ဒေါ်ခိုင်ရွှေဝါတို့ ဖြစ်သည်။

ကျွန်ုပ် သစ်ပင်စိုက်သည်။ အိမ်မှာ ကျွန်ုပ်စိုက်ပျိုးထားသော အပင်ရှိသည်။ ကျွန်ုပ် စိုက်ပျိုးထားသော  အပင်မှာ ဇွန် စံပယ်တို့ ဖြစ်သည်။ ပန်းလှရင် ကြည့်လို့ကောင်းရင် ကျွန်ုပ် ကြိုက်သည်။ ကျွန်ုပ် ပန်းမခူးပါ။ သူများခိုး ခူးခူးသွားသည်။ ကျွန်ုပ် ကျောင်းသွားနေရလို့ သူခိုးမမိ။ တွေ့ရင်သိမယ်။

------------------------------

လသာသောည
မအေးမြတ်သူ
စတုတ္ထတန်း၊ Yin Ye Monastic School

ကျွန်မတို့သည် လသာသော ညများတွင် ပျော်ပျော်ရွှင်ရွှင် ကစားကြပါသည်။ ပထမဆုံး ထုပ်ဆီးတိုး ကစားကြမည်ဟု တိုင်ပင်ကြပါသည်။ ထို့ပြင် တူ့တူပုန်းတမ်း ကစားမည်ဟုလည်း တိုင်ပင်ထားကြပါသည်။ မမောမပမ်း သင့်သင့်မြတ်မြတ် ကစားကြပါသည်။

တခြားကစားနည်းတွေလည်း ကစားကြပါသည်။ ပိုက်ဆံတမ်းလည်း ကစားကြပါသည်။ ဆံပင်တမ်းလည်း ကစားကြပါသည်။ စက်ချုပ်တမ်းလည်း ကစားကြပါသည်။ ဆရာမတမ်းလည်း ကစားကြပါသည်။ ဘောလုံးကန်တမ်းလည်း ကစားကြပါသည်။ ဈေးဆိုင်ဖွင့်တမ်းလည်း ကစားကြပါသည်။ ထမင်းချက်တမ်းလည်း ကစားကြပါသည်။ တို့ဟူးကျိုတမ်းလည်း ကစားကြပါသည်။ သစ်ပင်တက်တမ်းလည်း ကစားကြပါသည်။ သူငယ်ချင်းတမ်းလည်း ကစားကြပါသည်။ ဓာပုံရိုက်တမ်းလည်း ကစားကြပါသည်။ ဗွီဒီယိုရိုက်တမ်းလည်း ကစားကြပါသည်။

သူငယ်ချင်းများ ပျော်ပျော်ရွှင်ရွှင် စုဝေးကြသောကြောင့် လသာသောညကလေးကို အမြဲသတိရခြင်း ဖြစ်ပါသည်။ ကျွန်မတို့ လသာသော ညလေးကို အမြဲလွမ်းနေရခြင်း ဖြစ်ပါသည်။ လသာသော ညလေးကို ရောက်ချင်ပါသည်။

------------------------------

စမ်းချောင်းက ဆရာကြီးအိမ်ကို ရောက်ဖြစ်တော့ ဒီအကြောင်း ပြောပြဖြစ်ပါတယ်။ [သူကပ်တဲ့ ဖျော်ရည်သောက်ရလို့ ဖားတာမဟုတ်။ သူကျေနပ်အောင် တမင် လုပ်ကြံပြောတာလည်း မဟုတ်။ :)] “၀မ်းသာလိုက်တာ ဘုရား . . .”တဲ့။ . . . . “ . . . ဖျော်ရည် နည်းနည်း ထပ်ယူပါအုံး ဘုရား . . .”ဆိုပြီး သူ့အမျိုးသမီး ဆရာမကြီး (ကျောင်းဆရာမဟောင်းကြီး ထင်ပါတယ်)ကို “ဖျော်ရည် ယူခဲ့အုံးဟေ့”လို့ အမိန့် ပေးပါတယ်။ (“အားနာစရာကြီးပါလား ဆရာကြီးရယ် . . .”) “ရပြီ ဆရာကြီး။ ရပြီ။ ရပြီ . . .။”

အားနာနာနဲ့ တစ်ခု တောင်းဆိုခဲ့ပါတယ်။ “ရွာက ကလေးတွေအတွက် အမှတ်တရ စကားလေး တစ်ခွန်းလောက် ရေးပေးလိုက်ပါအုံး ဆရာကြီး . . .။ ကျောင်းနံရံမှာ ရေးထားဖို့ . . .။” စိတ်လိုလက်ရ ချက်ချင်း ရေးပေးလိုက်ပါတယ်။ (ဒါပေမယ့် စိတ်ကူးတဲ့အတိုင်း သူ့စကားကို ရွာကျောင်းနံရံမှာတော့ ခုထိ မရေးရသေးပါဘူး။ နောက်တစ်ခါ ရွာပြန်ရင်တော့ ရေးရအုံးမယ်။)



ရှင်အာစာရ

YYMS Appeal 2011 -- mm

အစိုးရ စာသင်ကျောင်း မဖွင့်လှစ်ရသေးသော စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ရင်းရဲကျေးရွာ၌ မူလတန်းအဆင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းကို ၁၉၉၂ ခုနှစ်တွင် စတင် တည်ထောင်ဖွင့်လှစ်ခဲ့ပါသည်။ မူလတန်း အဆင့်နှင့်သာ ပညာရေးခရီး အဆုံးသတ်ကြရသော ရွာသူရွာသားငယ်တို့ ပညာရေးခရီး ဆက်နိုင်ကြစေရန် ၂၀၁၁-၁၂ ပညာသင်နှစ်မှစ၍ အဆိုပါကျောင်းကို မူလတန်းအဆင့်မှ မူလွန်အဆင့်သို့ တိုးချဲ့ ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါသည်။ စေတနာရှင် အလှူရှင်များ ကျောင်း၏ ပညာရေးစရိတ် ထည့်ဝင် လှူဒါန်းနိုင်ကြရန် နှိုးဆော်လိုက်ပါသည်။
ဆရာလစာအတွက် အဓိက အသုံးပြုရသော ပညာရေးရံပုံငွေ နည်းများမဆို ထည့်ဝင် လှူဒါန်းနိုင်ကြ ပါသည်။

မူလတန်း (စတုတ္တတန်းအထိ) အဆင့်၌ ဆရာ လေးယောက် ခန့်ထားခဲ့ပြီး မူလွန်အဆင့် (သတ္တမတန်းအထိ) တိုးမြှင့်လိုက် သောအခါ ဆရာ ခြောက်ယောက် ခန့်ထားရမည် ဖြစ်ပါသည်။ ဆရာ တစ်ယောက်အတွက် တစ်လလျှင် ၃၀၀၀၀-ကျပ် နှုန်းဖြင့် တစ်နှစ်(၁၀-လ)စာ ၃၀၀၀၀၀-ကျပ် ဆရာ ခြောက်ယောက်အတွက် တစ်နှစ်(၁၀-လ)စာ ၁၈၀၀၀၀၀-ကျပ် ကုန်ကျရန် ရှိပါသည်။ ဆရာလစာအတွက် မဖြစ်မနေ ကောက်ခံရသော ကလေးငယ်များ၏ ကျောင်းဝင်ကြေး လျှော့ပေါ့ သက်သာဖို့ နည်းများမဆို ထည့်ဝင် လှူဒါန်းကြရန် နှိုးဆော်ပါသည်။

သိန်း၂၀၀-ကျပ်ခန့် ကုန်ကျမည့် ကျောင်းဆောင်သစ် ဆောက်လုပ်ရေးအတွက် နည်းများမဆို လှူဒါန်း နိုင်ကြပါသည်။

ကျောင်းစာကြည့်တိုက်အတွက် ရံပုံငွေ နှင့် စာအုပ်များ (ဟောင်း/သစ်) လှူဒါန်းနိုင်ကြပါသည်။

YYMS Appeal 2011 -- mm

YYMS Appeal 2011 -- eng

There being no Government State school at Yin Ye Village, Depeyin Township, Sagaing Division, a Buddhist Monastic School at Primary Level was first inaugurated in 1992. For the Yin Ye children to pursue further studies beyond Primary Level, commencing with the Academic Year 2011-2012, an extension to the Secondary Level has been officially established. Donors’ financial support in this effort is solicited.

You can donate to the Education Fund which is the basic source of teachers’ salaries. For the Primary Level (to Year Four) four teachers have been appointed. Following the extension to Secondary Level (to Year Seven) altogether six teachers are required. At a teacher’s salary of MMK 30,000 (approx USD 35) per month, an annual (10 month) budget of MMK 18,000,000 is needed for teachers’ remunerations.  This has to be levied upon the children as admission fees.  Please consider donating to relieve such unavoidable admission fees.

For the proposed construction of a new school building budgeted at MMN 20,000,000 approx (USD 24,000) donations are solicited

For the school library donations monetary, books (New and Used) are welcome.


YYMS Appeal 2011 -- eng

YYMS Appeal 2007 -- eng

စာကြည့်တိုက်တည်ဆောက်ခြင်း ဓာတ်ပုံမှတ်တမ်း

ငါးပါးသီလကဗျာများ၊ မင်္ဂလာကဗျာများ၊ English Songs



Library Opening Ceremony - စာကြည့်တိုက်ဖွင့်ပွဲ







၂၀၀၆ စာစီစာကုံး (တတိယတန်း)

ကျွန်မတို့မိသားစုအကြောင်း
မထားထားမိုး
တတိယတန်း၊ Yin Ye Monastic School
ကျွန်မ၏ အမည်သည် မထားထားဦး ဖြစ်ပါသည်။ ကျွန်မ၏ ဖခင်သည် ဦးလှသိန်း ဖြစ်ပါသည်။ ကျွန်မ၏ မိခင်သည် ဒေါ်မာမာအေး ဖြစ်ပါသည်။  ကျွန်မ၏ အစ်မသည် မထားထားဦး နှင့် မထားထားဝင်း ဖြစ်ပါသည်။ အစ်ကိုသည် နေမျိုးအောင် ဖြစ်ပါသည်။ မထားထားစိုး နှင့် မထားထားလှိုင် ညီမလေး နှစ်ယောက်ရှိပါသည်။ ကျွန်မတို့ ရင်းရဲရွာမှာ နေပါသည်။ အဖေက လက်သမား လုပ်နေပါသည်။ အမေက ဈေးရောင်းသွားပါသည်။ အစ်မက စပါးရိတ် လိုက်နေပါသည်။ ကျွန်မသည် ရင်းရဲကျောင်းတွင် ပညာသင်နေ ပါသည်။ တတိယတန်း ဖြစ်ပါသည်။ ညီမလေးကို ခေါ်ပြီး ကျောင်းသွားပါသည်။ ညီမလေးက သူငယ်တန်း ဖြစ်ပါသည်။

----------------------------------------------------------------

ကျွန်တော့်မိသားစုအကြောင်း
မောင်လှိုင်မျိုးအောင်
တတိယတန်း၊ Yin Ye Monastic School
ကျွန်တော်၏ အမည်သည် မောင်လှိုင်မျိုးအောင် ဖြစ်ပါသည်။ ကျွန်တော်၏ မိခင်သည် မမြလင်း ဖြစ်ပါသည်။ ကျွန်တော်တို့သည် ရင်းရဲရွာ အနောက်ပိုင်းမှာ နေပါသည်။ ကျွန်တော်တို့ အိမ်ဝင်းမှာ အလွန်ကျယ်ပါသည်။ ကျွန်တော်တို့အိမ်မှာ မိသားစု လေးယောက် ရှိပါသည်။ ကျွန်တော်က ကျောင်းနေပါသည်။ တတိယတန်း ဖြစ်ပါသည်။ ဦးကြီးလှိုင်က ပဲ ပြောင်း စပါးများ စိုက်ပျိုးပါသည်။ အမေက ဈေးရောင်းပါသည်။ အမေက ကျွန်တော် ကျောင်းမဆင်းခင် ထမင်းကျက်အောင် ချက်ထားပါသည်။ အမေကြီးက မျက်စိမမြင်ပါ။ ဒုက္ခိတ ဖြစ်ပါသည်။ အမေကြီး ဥပုသ်စောင့် သွားတဲ့အခါမှာ ကျွန်တော်က ကျောင်းလိုက်ပို့ပါတယ်။ ကျွန်တော်သည် ကျောင်းမသွားခင် အမေ့ကို ကူညီးပါသည်။ ရေထမ်းပေးပါသည်။ အမှိုက်ကျုံးပါသည်။ လူကြီးတွေက ကျွန်တော့်ကို ချစ်ပါသည်။ ကျွန်တော်ကလည်း သူတို့ကို ချစ်ပါသည်။

----------------------------------------------------------------

၂၀၀၆ စာစီစာကုံး (တတိယတန်း)


ကျွန်တော့်အကြောင်း
မောင်မိုးမင်းထက်
တတိယတန်း၊ Yin Ye Monastic School
ကျွန်ုပ်၏ အမည်သည် မောင်မိုးမင်းထက် ဖြစ်ပါသည်။ ကျွန်တော်၏ အဖေသည် ဦးကျော်မိုး ဖြစ်သည်။ ကျွန်ုပ်၏ အမေသည် ဒေါ်ခါသီ ဖြစ်သည်။ ကျွန်ုပ်၏ အမေကြီးသည် ဒေါ်ကောင်းရီ ဖြစ်သည်။ ကျွန်ုပ်၏ အဒေါ်သည် ဒေါ်တင်နွဲ့ ဖြစ်သည်။ ကျွန်ုပ်၏ ညီမလေးသည် မိုးသန္တာထက် ဖြစ်သည်။ ကျွန်ုပ်တို့ ရင်းရဲရွာမှာ နေသည်။ ကျွန်ုပ်သည် ရွာရှိ ဘုန်းတော်ကြီးသင် ပညာကျောင်းမှာ နေသည်။ တတိယတန်း ဖြစ်သည်။ ကျွန်ုပ်၏ ဆရာများမှာ ဦးအောင်မင်း ဦးဝင်းမင်းဌေး ဦးညွန့်လွင် ဒေါ်ခိုင်ရွှေဝါတို့ ဖြစ်သည်။

ကျွန်ုပ် သစ်ပင်စိုက်သည်။ အိမ်မှာ ကျွန်ုပ်စိုက်ပျိုးထားသော အပင်ရှိသည်။ ကျွန်ုပ် စိုက်ပျိုးထားသော  အပင်မှာ ဇွန် စံပယ်တို့ ဖြစ်သည်။ ပန်းလှရင် ကြည့်လို့ကောင်းရင် ကျွန်ုပ် ကြိုက်သည်။ ကျွန်ုပ် ပန်းမခူးပါ။ သူများခိုး ခူးခူးသွားသည်။ ကျွန်ုပ် ကျောင်းသွားနေ ရလို့ သူခိုးမမိ။ တွေ့ရင်သိမယ်။

----------------------------------------------------------------

ကျွန်မ၏အကြောင်း
မလွင်မာဦး
တတိယတန်း၊ Yin Ye Monastic School


ကျွန်မ၏ အမည်သည် မလွင်မာဦး ဖြစ်ပါသည်။ ကျွန်မ၏ မိဘများသည် ရင်းရဲရွာတွင် နေကြပါသည်။ ကျွန်မသည် ယခု ရွာရှိ ဘ-ကမူလတန်းကျောင်းတွင် စာသင်နေပါသည်။

ကျွန်မ၏ အဖေသည် ဦးကျော်ဦး ဖြစ်ပါသည်။ ကျွန်မ၏ အမေသည် မမြင့်လွင် ဖြစ်ပါသည်။ ကျွန်မတို့သသည် မိသားစုဝင် ငါးဦးရှိပါသည်။ ကျွန်မသည် တတိယတန်းတွင် ပညာသင်ယူနေပါသည်။

ကျွန်မ၏ အဖေသည် လယ်ထွန်ပါသည်။ ပျိုးနှုတ်ပါသည်။ စပါးရိတ်ပါသည်။ ပေါင်းသင်ပါသည်။ အမေက ထမင်းချက်ပါသည်။ အ၀တ်လျှော်ပါသည်။ ကျွန်မသည် ကျောင်းမသွားခင် အမေကို ကူညီပါသည်။ ရေခပ်ပေးပါသည်။ အိမ်တစ်ဝိုက်မှာ အမှိုက်လှဲပါသည်။ နွားချေးပြောင်အောင် ကျုံးပါသည်။ ကျောင်းမပျင်းပါ။ ကျောင်းမှာ စာကြိုးစားပါသည်။ ဆုရတဲ့အခါ ရပါသည်။ ကျောင်းမှာ သူငယ်ချင်းများနှင့် ပျော်ပျော်ရွှင်ရွှင် ကစားပါသည်။ သီချင်းဆိုကြပါသည်။ ကျောင်းပြန်ပြန်ချင်း ဗိုက်ဆာလို့ ထမင်းစားပါသည်။

----------------------------------------------------------------

ကျွန်မ၏အကြောင်း
မနှင်းမာထူး
တတိယတန်း၊ Yin Ye Monastic School

ကျွန်မ၏ အမည်သည် မနှင်မာထူး ဖြစ်ပါသည်။ ကျွန်မ၏ မိဘများ ရင်းရဲရွာမှာ နေကြပါသည်။ ယခု ကျွန်မသည် ဘ-ကမူလတန်းကျောင်းတွင် စာသင်နေပါသည်။ ကျွန်မ၏ ဖခင်သည် ဦးအောင်ကျော်ဦး ဖြစ်ပါသည်။ ကျွန်မ၏ မိခင်သည် ဒေါ်မာလာ ဖြစ်ပါသည်။ ကျွန်မ၏ အစ်ကိုသည် သိန်းကျော်ထွန်း ဖြစ်ပါသည်။ ကျွန်မ၏ ညီမသည် ပြည့်ဖြိုးဝေနှင့် လှိုင်ထက်ကျော် ဖြစ်ပါသည်။ ကျွန်မ၏ မောင်သည် သိန်းသန်းနိုင် ဖြစ်ပါသည်။ အစ်ကိုက စတုတ္ထတန်း ဖြစ်ပါသည်။ ကျွန်မက တတိယတန်း ဖြစ်ပါသည်။ ညီမလေးက သူငယ်တန်း ဖြစ်ပါသည်။ ကျွန်မတို့သည် ဗုဒ္ဓဘာသာ ဖြစ်ပါသည်။ ကျွန်မသည် မိဘကို ကူညီပါသည်။ ကျွန်မသည် မောင်နှမများကို ချစ်ခင်ပါသည်။ ကျွန်မသည် မိဘကို လေးစားပါသည်။ 

----------------------------------------------------------------

၂၀၀၆ စာစီစာကုံး (တတိယတန်း)


ကျွန်တော်ကြိုက်သော ငှက်များအကြောင်း
မောင်ထက်မြက်ထွန်း
တတိယတန်း၊ Yin Ye Monastic School
ကျွန်တော်က မောင်ထက်မြက်ထွန်း ဖြစ်ပါတယ်။ ကျွန်တော်က ကိုရင်ပါ။ ရင်းရဲရွာ ဘ-ကကျောင်းမှာ စာသင်နေပါတယ်။ တတိယတန်း ဖြစ်ပါတယ်။ ကျွန်တော်ကြိုက်တဲ့ ငှက်တွေအကြောင်း ပြောပါမယ်။

ငှက်ကောင်တွေက အများကြီးပဲ။ ကျွန်တော်ကြိုက်တဲ့ ငှက်တွေကတော့ ဆက်ရက် စွေ့ သစ်တောက်ငှက် ဥသြ ဇီးကွက်တို့ကို အကြိုက်ဆုံးပါပဲဗျာ။

ဆက်ရက်သည် လယ်သမားတို့ ထယ်ထိုးရာတွင် နောက်ကနေ တကောက်ကောက် လိုက်သွားပြီး လယ်သမားကြီးထယ်ထိုးရာ မြေကြီးထဲမှထွက်သော ပိတ်တာ ပိရစ် ပိုးတုံးလုံးကောင်တို့ကို စားသောက်ပစ်သောကြောင့် ကျွန်တော်သည် ဆက်ရက်ကို ကြိုက်ပါသည်။

စွေ့သည် လယ်သမားတို့ စိုက်ပျိုးထားသော ကောက်ပဲသီးနှံတို့ကို ဖျက်ဆီးတတ်သော ပိုးများကို ကောက်စားပါတယ်။ စွေ့က အဖျက်ပိုးများကို စားသောက်ပစ်လို့ ကျွန်တော်သည် စွေ့ကို ကြိုက်ပါသည်။

သစ်တောက်ငှက်သည် မာကြောသော ခြေသည်းဖြင့် သစ်ခေါက်ကို တွယ်ကပ်လိုက်သည်။ နှုတ်သီးနဲ့ တောက်သည်။ ထိုအခါ သစ်ခေါက်ထဲမှ ထွက်လာသော သစ်ပင်ဖျက်ပိုးများကို သစ်တောက်ငှက်က သုတ်သင်ရှင်းလင်း ပစ်သောကြောင့် ကျွန်တော်သည် သစ်တောက်ငှက်ကို ကြိုက်ပါသည်။

ဥသြသည် မိုးလင်းတာနဲ့ သာယာသော အသံဖြင့် တစ်ရွာလုံး လိုက်အော်ပါသည်။ ကျွန်တော်တို့က ဥသြလို လိုက်အော်ပါသည်။ ပျော်စရာကောင်းလို့ ကျွန်တော် ဥသြကို ကြိုက်ပါသည်။

ဇီးကွက်သည် ညအခါတွင် မျက်လုံးပြူးနဲ့ ၀င်းလက်ဝင်းလက် ရှိပါသည်။ ဇီးကွက်မျက်ပြူးကို ကျွန်တော်ကြိုက်ပါသည်။

ကျွန်တော်ကြိုက်တဲ့ ငှက်တွေ ကျန်သေးတယ်။ ဒါပါပဲဗျာ။

----------------------------------------------------------------

၂၀၀၆ စာစီစာကုံး (စတုတ္ထတန်း)

ကျွန်မ၏ အကြောင်း
မခိုင်ရွှေဝင်း
စတုတ္ထတန်း၊ Yin Ye Monastic School

ကျွန်မ၏ အမည်သည် မခိုင်ရွှေဝင်း ဖြစ်ပါသည်။ ကျွန်မသည် စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် ရင်းရဲရွာမှာ နေပါသည်။ ကျွန်မသည် ယခု စတုတ္ထတန်းတွင် ပညာသင်နေပါသည်။ ကျွန်မ၏ မိဘများမှာ ဦးဝင်းတင် ဒေါ်ခင်တင့် ဖြစ်ပါသည်။ ကျွန်မှာ အကိုနှစ်ယောက်နှင့် အမတစ်ယောက် ရှိပါသည်။ ကျွန်မ၏ အစ်ကို နှစ်ယောက်မှာ မောင်ပွင့်မောင် မောင်စောဌေးဖြစ်ပြီး အမမှာ မနီနီ ဖြစ်ပါသည်။ မောင်လေးမှာ မောင်ချစ်ထွေးဖြစ်ပါသည်။
ကျွန်မသည် အမေကို ရေခပ်ခြင်းနှင့် ထမင်းချက်ခြင်းတို့ကို ကူညီပါသည်။ အဖေ့ကိုလည်း ခရီးသွားလျှင် လိုက်ပို့ခြင်းတို့ကို ကူညီပါသည်။ ထို့ကြောင့် အဖေနှင့် အမေက ကျွန်မကို အလွန်ချစ်ပါသည်။ ထို့ကြောင့် ကျွန်မ အလွန်ပျော်ပါသည်။ အိမ်အလုပ် လုပ်စရာ မရှိလျှင် စာကျက်ပါသည်။ စာရမှ သူငယ်ချင်းများနှင့် ကစားပါသည်။ ထို့နောက် ထမင်းစားပြီး ကျောင်းသွားပါသည်။
ကျောင်းမှာလည်း အလှည့်ကျသည့်အခါ ကျောင်းသန့်ရှင်းရေး လုပ်ရပါသည်။ သောက်ရေအိုးများကို ရေဖြည့်ရပါသည်။ ကျွန်မသည် ကျောင်းတက်ချိန်မှာ စာကို ကြိုးစား၍ ကျက်မှတ်ပါသည်။ စာမေးပွဲတွေအောင်ပြီး ပညာတတ်ကြီးဖြစ်အောင် ကြိုးစားပါမည်။
---------------------------------------------------------------------

ကျွန်တော်၏ အကြောင်း
မောင်ချမ်းငြိမ်း
စတုတ္ထတန်း၊ Yin Ye Monastic School

ကျွန်တော်၏ အမည်သည် မောင်ချမ်းငြိမ်း ဖြစ်ပါသည်။ ကျွန်တော်တို့အိမ်မှာ မိသားစုဝင် ခြောက်ဦး ရှိပါသည်။ ကျွန်တော်တို့သည် စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် ရင်းရဲရွာမှာ နေကြပါသည်။ ကျွန်တော်၏ အသက် ၁၀-နှစ်ဖြစ်ပြီး စတုတ္ထတန်းတွင် ပညာသင်ယူနေပါသည်။ ကျွန်တော်သည် ကျောင်းအားသောအခါ အိမ်ကို ကူညီပါသည်။ အိမ်စာပေးလိုက်လျှင် ညအခါတွင် ကျွန်တော်သည် မကစားပဲနှင့် မီးထွန်းကာ စာကျက်ပါသည်။ နံနက် ကျောင်းမသွားမီ မိဘကို ရေးထမ်းပေးပါသည်။ ထို့ပြင် မိဘကို ထင်းခွဲပေးပါသည်။ မိဘကို ၀ိုင်းဝန်းကာ အလုပ်လုပ်ကိုင်ခြင်းဖြင့် ကုသိုလ်ရပါသည်။ ထင်းခွဲပြီးသောအခါ ကျောင်းသို့ သွားပါသည်။ ကျောင်းမတက်ခင် သူငယ်ချင်းများနှင့် ဘောလုံးကန်ကြပါသည်။ ဘောလုံးကန်ရင်း ရန်ဖြစ်မိလျှင် ဆရာကြီး မသိအောင် နေကြပါသည်။ ရန်ဖြစ်မိလျှင် ပြန်ခေါ်ကြပါသည်။ ကျွန်တော်သည် စတုတ္တတန်းပြီးလျှင် ပဉ္စမတန်း တက်မည်ရည်ရွယ်ထားပါသည်။

---------------------------------------------------------------------

၂၀၀၆ စာစီစာကုံး (စတုတ္ထတန်း)


ကျွန်မတို့ မိသားစု
မခင်မိုးခိုင်
စတုတ္ထတန်း၊ Yin Ye Monastic School

ကျွန်မ၏ အမည်သည် မခင်မိုးခိုင် ဖြစ်ပါသည်။ ကျွန်မ၏ ဖခင်သည် ဦးကျော်တင် ဖြစ်ပါသည်။ ကျွန်မ၏ မိခင်သည် ဒေါ်ခင်မာကြည်ဖြစ်ပါသည်။ ကျွန်မ၏ အစ်ကိုသည် မောင်စိုးလွင်သန်း ဖြစ်ပါသည်။ အစ်ကိုက န၀မတန်းဖြစ်ပြီး ကျွန်မက စတုတ္ထတန်း ဖြစ်ပါသည်။ ကျွန်၏ မိဘများသည် တောင်ယာလုပ်ကိုင်ကြပါသည်။ အကိုကြီးသည် ဖေဖေ၏ အလုပ်များကို ၀ိုင်းကူလုပ်ကိုင်ပါသည်။ ကျွန်မသည်လည်း မေမေကို ၀ိုင်းကူလုပ်ကိုင်ပါသည်။ ကိုကိုသည် နွားစားကျွေးပြီး ဖေဖေကို ကူညီပါသည်။ ကျွန်မသည် မေမေကို ၀ိုင်းကူချက်ပြုတ် ရေခတ် တံမြက်လှည်း နွားချေးကျုံးပါသည်။ ထို့ကြောင့် ဖေဖေသည် ကိုကို ကို ပိုချစ်ပါသည်။ မေမေသည် ကျွန်မကို ပိုချစ်ပါသည်။ ကျွန်မတို့ မောင်နှမချင်း ရန်မဖြစ်ကြပါ။ ကျွန်မနှင့် ဖေဖေ မေမေ ကိုကိုတို့ စိတ်ချမ်းသာ ကိုချမ်းသာ နေကြရပါသည်။
---------------------------------------------------------------------

ကျွန်တော်၏ မိသားစု အကြောင်း
မောင်ဇော်ထိုက်ဦး
စတုတ္ထတန်း၊ Yin Ye Monastic School

ကျွန်တော်၏ အမည်သည် မောင်ဇော်ထိုက်ဦး ဖြစ်ပါသည်။ ကျွန်တော်၏ အသက်သည် ၁၀-နှစ်ဖြစ်ပါသည်။ ယခု ကျွန်တော်သည ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၌ စာသင်နေပါသည်။ ကျွန်တော်တို့ မိသားစုသည် စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ဒီပဲယင်းမြို့နယ် ရင်းရဲရွာတွင် နေထိုင်ကြပါသည်။ ကျွန်တော်တို့ မိသားစုသည် လယ်ယာလုပ်ငန်းကို လုပ်ကိုင်ကြပါသည်။ ကျွန်တော်တို့ မိသားစုဝင် လေးဦး ရှိပါသည်။ ကျွန်တော်တို့ မိသားစုသည် တစ်ဦးနှင့်တစ်ဦး ချစ်ခင်စွာ နေထိုင်ကြပါသည်။ ကျွန်တော်တို့ မိသားစုသည် နေ့တိုင်း အစားအသောက်ကို မျှတစွာ ချက်ပြုတ်စားသောက်ကြပါသည်။ ထို့ကြောင့် ကျွန်တော်တို့မိသားစု ကျန်းမာရေး ကောင်းပါသည်။ ကျွန်တော်တို့ မိသားစုသည် နှစ်တိုင်း ဆန်စပါးကို စိုက်ပျိုးကြပါသည်။ ကျွန်တော်တို့ မိသားစုသည် ရွာသူရွာသားများနှင့် ချစ်ခင်ရင်းနှီးမှု ရှိပါသည်။ ထို့အပြင် ရွာကိုလည်း ကူညီ ဆောင်ရွက်ကြပါသည်။ ကျွန်တော်တို့ မိသားစုသည် ၀ါဝင် ၀ါကျွတ်နှင့် သင်္ကြန်ရက်များ၌ အဘိုးအဘွားများကို ကန်တော့ကြပါသည်။ ကျွန်တော်တို့ မိသားစုသည် အလွန်ပျော်စရာ ကောင်းလှပါသည်။ ထို့ကြောင့် ကျွန်တော်တို့ မိသားစုလေးကို မပြိုကွဲအောင် စောင့်ထိန်းရမည် ဖြစ်ပါသည်။
---------------------------------------------------------------------

၂၀၀၆ စာစီစာကုံး (စတုတ္ထတန်း)

ကျွန်ုပ်တို့ရွာ
မောင်ချစ်မင်းသူ
စတုတ္ထတန်း၊ Yin Ye Monastic School

ကျွန်ုပ်တို့ရွာသည် စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် ရင်းရဲရွာ ဖြစ်ပါသည်။ ကျွန်ုပ်တို့ရွာသည် စိုင်ပြင်-မြရိပ်လမ်း၏ မြောက်ဘက်တွင် တည်ရှိပါသည်။ ကမ္ဘာကျော်သည့် လယ်တီဆရာတော်ကြီး၏ ဇာတိဖြစ်သော စိုင်ပြင်ရွာ၏ အရှေ့ဘက်မှာ ရှိပါသည်။ ရွာ၏ တောင်ဘက်တွင် ရွာဦးဘုန်းကြီးကျောင်း ရှိပါသည်။ ဘ-ကကျောင်းမှာ ကျွန်တော်တို့ စာသင်ကြပါသည်။ ရွာသူရွာသားများသည် စပါး နှမ်း နေကြာ ပဲစိမ်းငုံ မြေပဲ စသည်တို့ စိုက်ပျိုးပါသည်။ တောင်သူလယ်သမားများသည် မိုးဥတုတွင် လယ်ထွန်ရန် ကောက်စိုက်ရန် လယ်တောသို့ သွားကြပါသည်။ ဆောင်းဥတုတွင် စပါးများ ရိတ်သိမ်းကြပါသည်။ စပါးလှိုင်းများကို စပါးချွေစက်ဖြင့် ချွေကြပါသည်။ စပါးများကို လှည်းပေါ်တင်၍ စိုင်ပြင်သို့ စက်ကျိတ်သွားကြပါသည်။ စပါးများကို စက်ကျိတ်သောအခါ ဆန်များ ဖြစ်လာပါသည်။ ဆန်များများရလျှင် ဆန်ရောင်း၍ အလှူပေးကြပါသည်။ ကျွန်ုပ်တို့ရွာတွင် ကလေးများသည် ပျော်ပျော်ရွှင်ရွှင် နေထိုင်ကြပါသည်။ လူကြီးများ လူငယ်လေးများ ကျန်းမာကြပါသည်။ ကျွန်တို့ရွာသည် ယခု ကျွန်ုပ်တို့ ကြိုးစားလျှင် ရင်းရဲရွာကြီးသည် ပို၍ ပို၍ တိုးတက်မည်ဟု ယုံကြည်ပါသည်။

---------------------------------------------------------------------

၂၀၀၆ စာစီစာကုံး (စတုတ္ထတန်း)

ကျွန်မတို့ကျောင်း
မသန်းသန်းခိုင်
စတုတ္ထတန်း၊ Yin Ye Monastic School

ကျွန်မတို့ကျောင်းသည် ဘ-ကမူလတန်းကျောင်း ဖြစ်ပါသည်။ ကျွန်မတို့ကျောင်းသည် ရွာ၏ တောင်ဘက်တွင် တည်ရှိပါသည်။ ကျွန်မတို့ကျောင်းတွင် ဆရာမတစ်ဦး ဆရာသုံးဦး ရှိပါသည်။ ဦးအောင်းမင်း ဦးဝင်းမင်းဌေး ဦးညွန့်လွင် နှင့် ဒေါ်ခိုင်ရွှေဝါတို့ ဖြစ်ပါသည်။ ကျွန်မတို့ကျောင်းသည် သစ်ပင်ပန်းပင်များနဲ့ စိမ်းလန်းနေပါသည်။ ညောင်ပင် တမာပင် မကြီးပင် အုန်းပင် ထန်းပင် ဆီးဖြူပင်တို့ အုံ့ဆိုင်းနေပါသည်။ ကျွန်မတို့ ကျောင်းသည် အလွန်သာယာပါသည်။ ကျွန်မတို့ကျောင်းတွင် ကျောင်းသားကျောင်းသူပေါင်း တစ်ရာကျော် ရှိပါသည်။ မူကြိုတန်းမှ စတုတ္ထတန်းအထိ အတန်းခြောက်ခု ရှိပါသည်။ ကျောင်းသူ ကျောင်းသားများ စာကြိုးစားကြပါသည်။ ဆရာဆရာမများကလည်း စေတနာ ပြည့်ဝစွာနဲ့ စာသင်ပေးကြပါသည်။ ဦးဇင်းများ ဖြစ်ကြသော ဦးအာစာရ ဦးသစ္စာ ဦးထေရိန်တို့ကလည်း ဗုဒ္ဓဘာသာအကြောင်း သင်ပေးကြပါသည်။ နှစ်စဉ် ကျောင်းသားပွဲတော်၌ ကျောင်းသူကျောင်းသားများ အာနာပါန အားထုတ်ကြပါသည်။ စာဖတ်ခြင်းဖြင့် ကျွန်မတို့၏ ကျောင်းအကြောင်းကို သိလောက်ပါသည်။

---------------------------------------------------------------------

ကျွန်မတို့ကျောင်း
မအေးကြွယ်
စတုတ္ထတန်း၊ Yin Ye Monastic School

ကျွန်မတို့ကျောင်းသည် ရွာအ၀င်တွင် ရှိပါသည်။ ကျွန်မတို့ကျောင်းသည် ၁၃၅၃-ခုနှစ်တွင် စတင် ပေါ်ထွန်းခဲ့ပါသည်။ ကျောင်း၏တောင်ဘက်တွင် ဘုန်းကြီးကျောင်း ရှိပါသည်။ ကျောင်းတစ်ဝိုက်မှာ သစ်ပင် ပန်းပင်များဖြင့် စိမ်းလန်းစိုပြေလျှက် ရှိပါသည်။ ကျောင်းဝင်းကျယ်ဝန်းပြီး လေကောင်းလေသန့် ရရှိပါသည်။ ကျောင်းသည် ခြံစည်းရိုးများဖြင့် လုံခြုံစွာ ရှိပါသည်။ ကျွန်မတို့ ကျောင်းရှေ့တွင် စိမ်းလန်းသော မြက်ခင်းပြင်ကြီးနှင့် ကျယ်ဝန်းသော ဘောလုံးကွင်းကြီး ရှိပါသည်။ ကျောင်းသူရော ကျောင်းသားရော ဘောလုံးကန်ကြပါသည်။ ကျောင်းသူနှင့် ကျောင်းသား နှစ်ဘက်ချိန်း၍ ဘောလုံးကန်ကြပါသည်။ ကျွန်မတို့ ကျောင်းသူ ကျောင်းသားများကို ကျောင်းထိုင်ဆရာတော် ဦးဃောသိတနှင့် ဦးဇင်းများ ဆရာဆရာမများ ရွာသူရွာသားများ အားလုံးကပါ အားပေးမြှောက်စား ကြပါသည်။ ကျွန်မတို့ကျောင်းသည် တစ်နှစ်ထက်တစ်နှစ် ပို၍ တိုးတက် လာနေပါသည်။ ဆက်လက်တိုးတက်အောင် ဆက်လက် ကြိုးစားကြရပါမည်။

---------------------------------------------------------------------

၂၀၀၆ စာစီစာကုံး (စတုတ္ထတန်း)


ကျောင်းစာကြည့်တိုက်
မဇာဇာဦး
စတုတ္ထတန်း၊ Yin Ye Monastic School

ကျွန်မတို့ကျောင်းတွင် စာကြည့်တိုက် ရှိပါသည်။ စာကြည့်တိုက်ကို ၁၃၆၇-ခုနှစ်တွင် တည်ထောင်ခဲ့ပါသည်။ စာကြည့်တိုက်မှာ အုတ်တိုက်တော့ မဟုတ်ပါ။ လှူဒါန်းသော ဦးကျော်ကျော် မမိအေး သမီးမယုနန္ဒအောင်တို့က သူတို့အိမ်ကို စာကြည့်တိုက်လုပ်ဖို့ လှူဒါန်းခဲ့ပါသည်။ စာကြည့်တိုက်ကို ဒီပရင်္ဂ လူငယ်စာကြည့်တိုက်၊ Lovely Land Youths' Library-ဟု မြန်မာ-အင်္ဂလိပ် နှစ်ဘာသာဖြင့် အမည်ပေးထားပါသည်။ စာကြည့်တိုက် အတွင်း၌ ပုံပြင်စာအုပ် ၀တ္ထုစာအုပ် မဂ္ဂဇင်းစာအုပ် စာစီစာကုံးစာအုပ် အဘိဓမ္မာစာအုပ် စွယ်စုံကျမ်းစာအုပ်များ ဂျာနယ်များကို သေသေသပ်သပ် စီစီရီရီ ထားရှိပါသည်။ စာဖတ်ရန်အတွက် စားပွဲနှင့် ကုလားထိုင်တို့ကို နေရာတကျ ခင်းကျင်း ထားပါသည်။ ကျောင်းသူကျောင်းသားများ စာဖတ်ဝါသနာ ပါကြပါသည်။ ကျွန်မတို့သည် အားလပ်ချိန်တိုင်း စာကြည့်တိုက်သို့ သွားရောက်၍ ဖတ်ရှုကြပါသည်။ ဥပုသ်သည်များနှင့် ကာလသားများ အပျိုလေးများလည်း စာလာဖတ်ကြပါသည်။ စာကြည့်တိုက်မှုအဖြစ် ဆရာကြီး ဦးအောင်မင်းက ဆောင်ရွက်ပါသည်။ ကျောင်းသူကျောင်းသားတို့က ဆရာကြီးကို ကူညီကြပါသည်။ စာအုပ် လှူဒါန်းသောသူ အမည်ကို စာအုပ်ပေါ်တွင် ရေးထိုးထားသောကြောင့် လှူဒါန်းသော သူများက ၀မ်းသာကြည်နူးကြပါသည်။ ကျောင်းစာကြည့်တိုက် ရှိခြင်းအားဖြင့် ကျွန်မတို့ အသိအလိမ္မာ တိုးပွားပါသည်။ ထို့ပြင် ဗဟုသုတ ရရှိ၍ ကျောင်းသင်ခန်းစာတို့ကိုလည်း အထောက်အကူ ပြုပါသည်။
---------------------------------------------------------------------