Future Plans of the School
 
The school founders are willing to expand the present basic education capacity of the school, and to develop a Middle School and High School, which will offer free education to students from the village and neighboring 13 villages. In the future, they would like to also establish a Monastic Institution that will provide a traditional monastic education alongside a secular education, focusing in particular upon English and mathematics, to the nation’s nuns and novices between the ages of 11 to 15. This institution will also teach Buddhist Abhidhamma and Pali language to international students. While insufficient funding makes this plan at present little more than the common dream of the school founders and members of the supporting groups, it is hoped that the kind donations of concerned individuals will help make it a reality.

---------------
 
စီမံကိန်းများ

အလယ်တန်းနှင့် အထက်တန်း။ ။ ကျေးရွာမှ ကျောင်းသားများကိုသာ အဓိကထား၍ ပညာသင်ကြားပေးနေသည့် လက်ရှိမူလတန်းကျောင်းကို အနီးအပါး (၁၃)ရွာမှ ကျောင်းသားများ ကိုပါ လက်ခံသင်ကြားပေးနိုင်မည့် အလယ်တန်း, အထက်တန်းများအထိ အဆင့်ဆင့် တိုးမြှင့် ဖွင့်လှစ်ရန် ရည်ရွယ်ထားသည်။

ဗုဒ္ဓဘာသာပညာသင်ကျောင်း။ ။ လူငယ်ကျောင်းသားများအတွက် လောကီပညာရေး စီမံပေးသည့်အပြင် လက်လှမ်းမှီရာ ဒေသတွင်း မြို့ရွာများမှ အသက်(၁၁)နှစ်မှ (၁၅)နှစ်အရွယ်ရှိ သာမဏေငယ်များကို ပရိယတ္တိသင်ရိုး သုတ်, ၀ိနည်း, အဘိဓမ္မာ ဘာသာရပ်များနှင့် လောကီသင်ရိုး မြန်မာစာ, အင်္ဂလိပ်စာ, သင်္ချာ စသည့် ဘာသာရပ်များ သင်ကြားပေးမည့် ဗုဒ္ဓဘာသာပညာသင်ကျေင်းတစ်ခု တည်ထောင်ရန် ရည်ရွယ်ထားသည်။ အဆိုပါကျောင်းက ကမ္ဘာအရပ်ရပ်မှ ဗုဒ္ဓဘာသာ စိတ်ဝင်စားသူများ အတွက်လည်း အင်္ဂလိပ်စကား မီဒီယာဖြင့် ပို့ချမည့် ဗုဒ္ဓဘာသာနှင့်ဆိုင်သော ဒစ်ပလိုမာ သင်တန်းများလည်း စီမံပေးမည်ဖြစ်သည်။

အကြောင်းအခွင့် မညီညွတ်သေးသောကြောင့် အနာဂတ်စီမံကိန်းများ အကောင်းအထည် ပေါ်ရေးမှာ အလှမ်းဝေးလျက် ရှိသေးသည်။ အထူးသဖြင့် ရံပုံငွေ မလုံလောက်သေးသောကြောင့် ဖြစ်သည်။ လက်ရှိရံပုံငွေမှာ လက်ရှိမူလတန်းကျောင်းကိုပင် ခိုင်ခိုင်မာမာ မထောက်ပံ့နိုင်သေးပေ။ သို့သော် စီမံကိန်းများအားလုံး အကောင်အထည်ပေါ်ချိန် မုချရောက်လာရမည်ဟု ယုံကြည် မျှော်လင့်ရပေသည်။